MBR စနစ်ဆိုသည်မှာ သေးငယ်တဲ့အပေါက်များပါဝင်သည့် အလွှာပါးfilterနှင့် ဇီဝနည်းပညာတမျိုးတို့ ပေါင်းစပ်ထားခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ရေဆိုးသန့်စင်စနစ်အဖြစ် အသုံးပြုနေပြီဖြစ်သည်။ MBR စနစ်၏ အကျိုးကျေးဇူးများမှာ မြေနေရာအနည်းငယ်သာလိုအပ်ခြင်း၊ ပြန်လည်ပြုပြင်ရာတွင် လွယ်ကူခြင်း၊ ယခင်တပ်ဆင်ပြီးသော စနစ်ဟောင်းအား အဆင့်မြှင့်တင်ရန် လွယ်ကူခြင်းတို့ ဖြစ်ပါသည်။ ထို့အတူ Activated Sludge ရေဆိုးသန့်စင်စနစ်မှ ရောနှောနေသော အရည်များအတွင်း တချို့သော အရည်များကိုဖယ်ထုတ်ပြီး မြေနေရာလျော့ချရန်လည်း Membrane Bioreactor စနစ်အား အသုံးပြုနိုင်ပါသည်။
MBR စနစ် (၂) မျိုးရှိပါသည်။
Bioreactor အတွင်းတွင်နစ်မြှပ်ထားသောစနစ်
ဤစနစ်တွင် membrane များသည် bioreactor အတွင်းသီးသန့်ကန်ထဲတွင်ရှိပြီး membrane များအား သီးခြားအတွဲလိုက် ရေအောက်တွင် နစ်မြှပ်ထားရှိလျက် သန့်စင်ပေးသော စနစ်ဖြစ်ပါသည်။ သို့ရာတွင် MLSS သတ်မှတ်အရေအတွက်ထက် ပိုမတိုးလာစေရန် Biomassအား အဓိက reactor အတွင်းသို့ စဉ်ဆက်မပြန် ပို့လွှတ်ရန် လိုအပ်ပါသည်။
Membraneများသည် ပါးလွှာသောစာရွက် (သို့မဟုတ်) ပြွန် (သို့မဟုတ်) ထိုနှစ်ခုပေါင်းစပ်ထားသော ပုံမျိုးရှိနေနိုင်သည်။ ထို့အပြင် online backwash စနစ်ပါဝင်ပြီး ထိုစနစ်သာ် membrane အတွင်းသန့်စင်ပြီး ထွက်လာသောရေများဖြင့် ပြန်လည်ဆေးကြောခြင်းဖြင့်လည်း membrane မျက်နှာပြင် အပြစ်ဖြစ်ပေါ်ခြင်းကို လျော့ချပေးနိုင်ပါသည်။ ထပ်ထိုးလေပေးစနစ်သည်လည်း အပြစ်ဖြစ်ပေါ်ခြင်းကို လျှော့ချရာတွင်လိုအပ်သော စနစ်တခုဖြစ်ပါသည်။ membrane အကန့်လိုက်သည် ထိုထည့်ထားသောနေရာမှ ရွှေ့ပြီး offline သန့်စင်ကန်ထဲသို့ထည့်၍ သန့်စင်နိုင်ပါသည်။
Bioreactor အပြင်တွင်ထားရှိထားသောစနစ်
ဤစနစ်တွင် membrane ကို bioreactor အပြင်တွင် တပ်ဆင်ထားသော စနစ်ဖြစ်ပါသည်။ Biomass အား pump ဖြင့် အစဉ်လိုက်စီထားသော membraneများဆီသို့ တိုက်ရိုက်ပို့ခြင်းနှင့် bioreactor သို့ ပြန်ပို့ခြင်း ပြုလုပ်သည်။ membrane သန့်စင်ခြင်းကိုတပ်ဆင်ထားတဲ့ နေရာမပြောင်းရွှေ့ပဲ သန့်စင်ထားသောကန်အတွင်းမှ ရေအား pump နှင့် ပိုက်များဆက်သွယ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။