အဆီများဖယ်ထုတ်သော ကန်

   အဆီများ အထူးသဖြင့် တိရိစ္ဆာန်များမှ အဆီများသည် သာမာန်အပူချိန်တွင် ပိုက်လိုင်းများတွင် အရည်ခဲနေနိုင်သည်။ ဤဖြစ်ရပ်မျိုးဖြစ်ခဲ့လျှင် မိလ္လာပိုက်များပိတ်ခြင်းဖြစ်နိုင်ပြီး နောက်ဆုံးတွင် Collection စနစ်အားရောက်စေနိုင်ပါသည်

   မိလ္လာစနစ်တွင် ဆီအများအပြားရောက်လာသောအခါ ပိတ်ဆို့စေပါသည်။ ၎င်းသည် ရေဆိုးသန့်စင်စနစ်အား ဒုက္ခဖြစ်စေနိုင်သည်။

   အဆီများဖယ်ထုတ်သောကန်သည် အဆီနှင့် အစိုင်အခဲများအား ရေဆိုးသန့်စင်စနစ်အတွင်း မဝင်ရောက်ခင် ကြားဖြတ်စုထားသော ကိရိယာတခုဖြစ်သည်။ ရေဆိုးများတွင် အဆီအနည်းငယ်ပါဝင်တတ်ပြီး မိလ္လာကန်ထဲသို့ဝင်ရောက်ပီး Floating Scum Layer ဖြစ်ပေါ်စေသည်။ ဤ layer အား Anaerobic Digestion စနစ်မှ အဏုဇီဝများမှ ဖြေးညှင်းစွာ ချေဖျက်ပြိုကွဲအောင်ပြုလုပ်ပေးသည်။