ဘက်တီးရီးယား နှင့် အင်ဇိုင်း

    ဇီဝဗေဒရေဆိုးသန့်စင်မှုသည် လွယ်ယူရိုးရှင်းသည်ဟုထင်ရပြီး ဘအော်ဂန်းနစ်ပစ္စည်းများပြိုကွဲခြင်းအားကူညီပေးသော သဘာဝဖြစ်စဉ်အား အသုံးပြုထားပါသည်။ သို့သော်လည်း အဖြစ်မှန်မှာ ရှုပ်ထွေးသော ဖြစ်စဉ်ဖြစ်ပြီး ဇီဝဗေဒနှင့် ဇီဝဓါတုဗေဒ ပေါင်းစုံထားပြီး သက်ရှိများအားအသုံးပြု၍ အော်ဂန်းနစ်ပစ္စည်းများ ပြိုကွဲရန် အသုံးပြုပါသည်။ ဇီဝဗေဒရေဆိုးသန့်စင်စနစ်တွင် ဘက်တီးရီးယားမျာ:၊ Nematodes၊ သို့မဟုတ် အခြားသေးငယ်သော သက်ရှိများအား အသုံးပြုပါသည်။

   ဘက်တီးရီးယားများအား သူတို့အောက်ဆီဂျင်ရယူနိုင်မှုပေါ် မူတည်ပြီး အမျိုးအစားခွဲခြားထားပါသည်။ ရေဆိုးသန့်စင်စနစ်တွင် ဘက်တီးရီးယားအားအသုံးပြုပြီး ရေဆိုးများအား သန့်စင်သော စနစ် ၃ မျိုးရှိပါသည်။ ၎င်းတို့မှာ Aerobic၊ Anaerobic နှင့် Faciltative တို့ဖြစ်ပါသည်။


   သူတို့သုံးမျိုးသည် ဘက်တီးယားများ၏ အသက်ရှုသွင်းမှုပေါ်မူတည်၍ အမျိုးအစားခွဲဲထားသည်။ ရေဆိုးသန့်စင်စနစ်တွင် ဘက်တီးရီးယားမျိုးစိတ်များစွာ ရှိပါသည်။

    ကျွန်ုပ်တို့သည် ၃ မျိုးသော ဘက်တီးရီးယားအသုံးပြုမှုစနစ်ကို ထောက်ပံ့ပေးနိုင်ပြီး ၎င်းတို့အား စွန့်ပစ်ရေတွင် ပါဝင်သော ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ရွေးချယ်သုံးနိုင်သည်။ ထို့နောက် ရေဆိုးသန့်စင်စနစ်မှ အင်ဇိုင်းအားထုတ်လုပ်နိုင်စွမ်းခြင်းကို ဆုံးဖြတ်ပေးပြီး ၎င်းမှ အစီအစဉ်အလိုက်ဖြစ်ခြင်း၊ ပါဝင်သောပမာဏ၊ သက်တမ်းတို့အား သိနိုင်ပြီး မှန်ကန်ထိရောက်စွာ လည်ပတ်နိုင်ပါသည်။