Wastewater aeration ဆိုသည်မှာ စွန့်ပစ်ရေစနစ်တွင် လေပေးခြင်းဖြင့် ညစ်ညမ်းသောအရာများကိုပျက်စီးစေခြင်းဖြစ်သည်။ ၎င်းသည် ဇီဝစွန့်ပစ်ပစ္စည်းသန့်စင်ခြင်းစနစ်၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ ရေထဲရှိညစ်ညမ်းသောအရာများကို chemical treatment ဖြင့် သန့်စင်ခြင်းနှင့်မတူဘဲ biological treatment သည်စွန့်ပစ်ရေညစ်ညမ်းမှုကို ပျက်စီးစေရန် စွန့်ပစ်ရေတွင် သဘာဝအလျောက်ဖြစ်ပွါးသော အဏုဇီဝသက်ရှိများကို အသုံးပြုခြင်းဖြစ်သည်။
Aeration သည် secondary treatment process ပင်ဖြစ်သည်။ Activated sludge process သည် မြူနီစီပယ်နှင့်စက်ရုံဆိုင်ရာစွန့်ပစ်ရေအတွက် secondary treatment တွင်အသုံးများသည်။ Activated sludge process တွင် Aeration သည် စွန့်ပစ်ရေထဲရှိ ပိုးမွှားများကိုကြီးထွားမှုကိုအထောက်အကူပြုရန်လေပေးခြင်းပင်ဖြစ်သည်။ ပိုးမွှားများသည် organic ပစ္စည်းများအစာကျွေးခြင်းဖြင့် အလွယ်တကူ အနည်ထိုင်နိုင်သည်။ အနည်ထိုင်ပြီးနောက် “Activated sludge” များဖြစ်ပေါ်စေသော ဘက်တီးရီးယားများသည် ပြိုကွဲခြင်းနှုန်းတိုးမြှင့်စေရန်အတွက် aeration basin ထဲသို့ ပြန်လည်စီးဆင်းကြသည်။
Aeration တွင် Activated sludge ကိုအသုံးပြုခြင်းသည် အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ထိရောက်သော စွန့်ပစ်ရေသန့်စင်စနစ် အောင်မြင်မှု၏သော့ချက်ပင်ဖြစ်သည်။ ကောင်းမွန်သောဒီဇိုင်းရှိသည့် aeration system သည် ၎င်း၏ရေဆိုးသန့်စင်စနစ်ကို တိုက်ရိုက်သက်ရောက်မှုရှိစေသည်။
ရေထဲတွင်လေပေးသောပစ္စည်းကိရိယာများသည် လုပ်ငန်းလည်ပတ်မှုစရိတ်လျှော့ချစေရန်နှင့် ရေဆိုးအရည်အသွေးတိုးတက်စေရန် အထူးဒီဇိုင်းပြုလုပ်ထားခြသဍင်းဖြစ်သည်။ ကျွန်ုပ်တို့၏ aerator များကို မြူနီစီပယ်နှင့်စက်ရုံလုပ်ငန်းသုံး စွန့်ပစ်ရေသန့်စင်စနစ်များတွင် အသုံးပြုသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် ပစ္စည်းကိရိယာသက်တမ်းအခက်အခဲမရှိလည်ပတ်နိုင်စေရန်၊ အကြမ်းခံစေရန် နှင့် ကြာရှည်ခံစေရန် ဒီဇိုင်းပြုလုပ်ထားသည်။